Mini vic.gov.au

This is a low bandwidth version of vic.gov.au. Contents may not be up to date. © Copyright State Government of Victoria

ကပ်ဘေးဒုက္ခဖြစ်ပြီးနောက် သက်သာရာရစေရန်နှင့် ပြန်လည်ထူထောင်ရေးအကူအညီ (ဘာသာစကား Burmese)

အကြီးစားအရေးပေါ်အခြေအနေများအတွင်းနှင့် နောက်ပိုင်း အကူအညီများ (မုန်တိုင်း၊ မီးဘေး၊ ရေကြီးခြင်းစသည်)။

On this page

အရေးပေါ်အခြေအနေတစ်ခုအတွင်း အကူအညီရယူပါ

သုညသုံးလုံး

ချက်ခြင်းအန္တရာယ်ကြုံပါက 000 သို့ဖုန်းခေါ်ဆိုပါ။.

VicEmergency သီးသန့်ဖုန်းလိုင်း

VicEmergency သီးသန့်ဖုန်းလိုင်းက မုန်တိုင်း၊ မီးဘေး၊ ရေဘေးအပါအဝင် အကြီးစားအရေးပေါ်အခြေအနေများ၊ မဖြစ်ပေါ်မီ၊ ဖြစ်ပေါ်နေချိန်အတွင်းနှင့် ဖြစ်ပွားပြီးနောက်တွင် အရေးကြီးအချက်အလက်များကို ပေးပါတယ်။ ၎င်းတွင် အရေးပေါ်အခြေအနေ သတိပေးချက်များနှင့် အချက်အလက်များ ပါဝင်ပါတယ်။

VicEmergency သီးသန့်ဖုန်းလိုင်း 1800 226 226 သို့ဖုန်းခေါ်ဆိုပါ။

ဘာသာပြန်နှင့်စကားပြန်ဝန်ဆောင်မှု 131 450 ကိုလည်းခေါ်ဆိုနိုင်ပြီး VicEmergency သီးသန့်ဖုန်းလိုင်းကို ခေါ်ဆိုခိုင်းနိုင်ပါတယ်။

ပြည်နယ်အရေးပေါ်ဝန်ဆောင်မှု

ပြည်နယ်အရေးပေါ်ဝန်ဆောင်မှု (SES) က ဗစ်တိုးရီးယားပြည်နယ်ရဲ့ ဘယ်နေရာမှာမဆို ရေကြီးတာ၊ မုန်တိုင်းကျတာ၊ မြေပြိုတာ၊ ဆူနာမီလှိုင်း ဒါမှမဟုတ် ငလျင်လှုပ်တာတွေ ဖြစ်ပွားနေစဉ် ဒါမှမဟုတ် ဖြစ်ပွားပြီးနောက်ပိုင်း ကူညီပေးနိုင်ပါတယ်။

အောက်ပါတို့ဖြစ်ပါက SES ဖုန်း 132 500ကို ခေါ်ဆိုပါ-

စကားပြန်တစ်ဦး လိုအပ်တယ်ဆိုရင် ဖုန်းခေါ်ဆိုတဲ့အခါ SES အော်ပရေတာကို တောင်းဆိုနိုင်ပါတယ်။

သင့်ရဲ့ဘာသာစကားနဲ့ အချက်အလက်တွေကို VICSES ဝဘ်ဆိုက်မှာ ရယူပါ။

အရေးပေါ်အခြေအနေဖြစ်ပြီးနောက် ချက်ချင်းအကူအညီရယူပါ

အရေးပေါ် ကယ်ဆယ်ရေးစခန်းများ

အရေးပေါ်ကယ်ဆယ်ရေးစခန်းဆိုတာ အရေးပေါ်အခြေအနေဖြစ်နေစဉ် ဒါမှမဟုတ် ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အကူအညီရယူဖို့အတွက် သွားရောက်နိုင်တဲ့ ဘေးကင်းလုံခြုံတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ သူတို့က အစားအသောက်၊ အဝတ်အထည်၊ စောင်၊ ရှေးဦးသူနာပြုစုခြင်း၊ အရေးပေါ်ခိုလှုံရာနေရာနဲ့ သတင်းအချက်အလက်တွေလိုမျိုး အခြေခံထောက်ပံ့ရေးဝန်ဆောင်မှုတွေကို ပေးပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေရဲ့ တည်နေရာတွေကိုVicEmergencyဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အရေးပေါ်အိမ်ယာ

အရေးပေါ်အခြေအနေတစ်ခုခုဖြစ်ပြီးနောက် နေထိုင်စရာနေရာလိုအပ်တယ်ဆိုရင်သင့်ရဲ့ဒေသဆိုင်ရာ ကောင်စီကို အကူအညီအတွက် ဆက်သွယ်ပါ(opens in a new window)ဒါမှမဟုတ် အရေးပေါ်ကယ်ဆယ်ရေးစခန်း ကို သွားရောက်ပါ။

ဘာသာပြန်နှင့် စကားပြန်ဝန်ဆောင်မှုဖုန်း 131 450ကိုခေါ်ဆိုပြီး အရေးပေါ်နေအိမ်ရှာဖွေရေးနဲ့ပတ်သက်တဲ့ သင့်ကောင်စီရဲ့အချက်အလက်တွေကိုဘာသာပြန်ပေးဖို့လည်း အကူအညီတောင်းခံနိုင်ပါတယ်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများနှင့် ထောက်ပံ့မှုပြတ်တောက်ခြင်းများ

ဓာတ်အားပြတ်တောက်မှုတွေနဲ့ ထောက်ပံ့မှုပြတ်တောက်ခြင်းတွေဟာ မိုးကြိုးပစ်တာ၊ ရေကြီးတာ၊ အပူလှိုင်းဖြတ်တာ၊ တောမီးလောင်တာ ဒါမှမဟုတ် လေပြင်းတိုက်ခတ်တာတွေအပါအဝင် ပြင်းထန်တဲ့ ရာသီဥတုကြောင့် ဖြစ်ပွားနိုင်ပါတယ်။

သင့်ရဲ့လျှပ်စစ်ဓာတ်အား ပြတ်တောက်နေတယ်ဆိုရင် ပြန်လည်ရရှိမယ့်အချိန်တွေကို သိရှိနိုင်ဖို့အတွက် သင့်ရဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကို ဆက်သွယ်ပါ။

အရေးပေါ် ကြပ်တည်းမှုအထောက်အပံ့များ

အကယ်၍ သင့်ရဲ့အိမ်ဟာ အကြီးစားအရေးပေါ်အခြေအနေတစ်ခုခုကြောင့် ထိခိုက်ခဲ့တယ်ဆိုရင် ဗစ်တိုးရီးယားပြည်နယ်အစိုးရဆီကနေ အရေးပေါ် ကြပ်တည်းမှု အထောက်အပံ့ ရရှိဖို့ အရည်အချင်းပြည့်မီနိုင်ပါတယ်။ သင်အဲဒီပိုက်ဆံကိုပြန်ပေးစရာမလိုပါ။

ရရှိနိုင်တဲ့ ထောက်ပံ့ကြေးအမျိုးအစား (၂) မျိုး ရှိပါတယ်-

VicEmergency သီးသန့်ဖုန်းလိုင်း 1800 226 226 ကို ခေါ်ဆိုပြီး လျှောက်ထားနိုင်ပါတယ်။

သင် ဘာသာပြန်နှင့် စကားပြန်ဝန်ဆောင်မှုဖုန်း 131 450ကိုခေါ်ဆိုပြီး VicEmergency Hotline သို့ ဖုန်းခေါ်ဆိုပေးရန်လည်း တောင်းဆိုနိုင်ပါတယ်။

အခြားထောက်ပံ့ကြေးများ

ကပ်ဘေးဒုက္ခတစ်ခုခုဖြစ်ပြီးနောက် သင့်အနေနဲ့ ဩစတြေးလျအစိုးရဆီကနေ အခြားသော ထောက်ပံ့ကြေးတွေ ဒါမှမဟုတ် အကူအညီပေးရေးဝန်ဆောင်မှုတွေအတွက်လည်း အရည်အချင်းပြည့်မီနိုင်ပါတယ်။

Services Australiaကိုဝင်ရောက်ကြည့်ရှုပြီး ’translate’ကို ရွေးချယ်ပြီး အောက်ပါအကြောင်းအရာများအကြောင်း ပိုမိုလေ့လာနိုင်ပါတယ် -

ကောင်းမွန်စွာနေထိုင်ရေးအထောက်အပံ့

အရေးပေါ်အခြေအနေတွေကြောင့် ထိခိုက်ခံစားရတဲ့သူတွေဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှုမျိုးစုံကို ခံစားရနိုင်ပါတယ်။

စိတ်ခံစားမှုဆိုင်ရာကောင်းမွန်စွာနေထိုင်ရေးကို စီမံခန့်ခွဲခြင်းနဲ့ ဗစ်တိုးရီးယားပြည်နယ်ရဲ့ အရေးပေါ်ကြပ်တည်းမှု ထောက်ပံ့ကြေးတွေကို ရယူသုံးစွဲနိုင်ခြင်းတို့နဲ့ပတ်သက်တဲ့ဘာသာပြန်ထားတဲ့ အချက်အလက်တွေအတွက် မိသားစုများ၊ တရားမျှတမှုနဲ့ အိမ်ရာဦးစီးဌာနကို ဝင်ရောက်ကြည့်ရှုပါ

အိမ်ပြန်ရာတွင် ဘေးကင်းလုံခြုံစွာနေပါ

တောမီးလောင်ခြင်း၊ရေကြီးခြင်း ဒါမှမဟုတ် မုန်တိုင်းတိုက်ခတ်ခြင်းပြီးနောက်အခြေအနေဟာ ဆက်လက်ပြီး အန္တရာယ်ရှိနေနိုင်ပါသေးတယ်။

အကယ်၍ သင်ဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းထားခဲ့တယ်ဆိုရင် အရေးပေါ်ဝန်ဆောင်မှုတွေက ဘေးကင်းပြီလို့ မပြောမချင်း အိမ်ကို မပြန်ပါနဲ့။ ပျက်စီးနေတဲ့အဆောက်အအုံတွေ၊ လဲကျနေတဲ့သစ်ပင်တွေနဲ့ အန္တရာယ်ရှိတဲ့ရေတွေလိုမျိုး အန္တရာယ်တွေကို သတိထားပါ။

သတင်းအချက်အလက်တွေကို ဆက်လက်ရယူနေပါ၊ အရေးပေါ်ဝန်ဆောင်မှုတွေရဲ့လမ်းညွှန်ချက်တွေကို လိုက်နာပါ၊လိုအပ်ရင် အကူအညီတွေကို ရယူပါ။

တောမီးလောင်ပြီးနောက်

ရေလွှမ်းမိုးမှုပြီးနောက်

မုန်တိုင်းကျပြီးနောက်

ပိုမိုသောအချက်အလက်များအတွက် သွားရောက်ပါ -

အရေးပေါ်အခြေအနေဖြစ်ပြီးနောက် ရေရှည်အကူအညီရယူပါ

အရေးပေါ် အခြေအနေ ပြန်လည်ထူထောင်ရေး သီးသန့်ဖုန်းလိုင်း

Emergency Recovery Victoria က တောမီး၊ မုန်တိုင်း ဒါမှမဟုတ် ရေကြီးတာလိုမျိုး ကပ်ဘေးဒုက္ခတစ်ခုခုဖြစ်ပြီးနောက် ရရှိနိုင်တဲ့ အကူအညီတွေနဲ့ လူတွေကို ချိတ်ဆက်ပေးပါတယ်။

အရေးပေါ် အခြေအနေပြန်လည်ထူထောင်ရေး သီးသန့်ဖုန်းလိုင်းက သင့်ကို အောက်ပါအချက်အလက်တွေနဲ့ ပတ်သက်ပြီး ကူညီပေးနိုင်ပါတယ် -

အရေးပေါ်အခြေအနေ ပြန်လည်ထူထောင်ရေး သီးသန့်ဖုန်းလိုင်း ဖုန်း1800 560 760ကို ခေါ်ဆိုပါ။ စကားပြန်တစ်ဦးခေါ်ရန်အတွက်9 ကို နှိပ်ပါ။

ပြန်လည်ထူထောင်ရေးအကူအညီ

မုန်တိုင်း၊ တောမီး ဒါမှမဟုတ် ရေကြီးတာလိုမျိုး အရေးပေါ်အခြေအနေတစ်ခုခုဖြစ်ပြီးနောက် သင့်ရဲ့ ပြန်လည်ထူထောင်ရေးကို ကူညီဖို့အတွက် အောက်ပါဝန်ဆောင်မှုတွေက အမြဲရရှိနိုင်ပါတယ်။

Lifeline

Lifeline သည် စိတ်ပိုင်းဆိုင်ရာ ခံစားမှုအခြေအနေများ ကြုံတွေ့နေရသော ဩစတြေးလျနိုင်ငံသားအားလုံးကို 24 နာရီပတ်လုံး အရေးပေါ်အထောက်အပံ့နှင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းမှ ကာကွယ်ရေး ဝန်ဆောင်မှုများ ပေးနေသည့် ပရဟိတအဖွဲ့အစည်းတစ်ခု ဖြစ်သည်။

lifeline.org.au သို့ ဝင်ရောက်ကြည့်ရှုပါ သို့မဟုတ် 13 11 14 သို့ ခေါ်ဆိုပါ။

Lifeline ကိုစကားပြန်ဖြင့် ဘယ်လိုခေါ်ဆိုမလဲ -

  1. 131 450ကိုခေါ်ဆိုပါ (ဒေသတွင်း ဖုန်းခေါ်ဆိုခနူန်းများအတိုင်းကောက်ခံပါမယ်)
  2. သင့်ဘာသာစကားနဲ့ပြောပါ
  3. ‘Lifeline 13 11 14’လို့ ပြောပါ
  4. ဆက်သွယ်မှုရသည်အထိစောင့်ပါ
  5. သင့်ဘာသာစကားဖြင့် Lifeline အရေးပေါ်အထောက်အပံ့ပေးသူနှင့် စကားပြောဆိုနိုင်ပါတယ်။

Kids Helpline

Kids Helpline ဆိုတာ အသက် 5 နှစ်မှ 25 နှစ်ကြား လူငယ်များအတွက် အခမဲ့၊ လျှို့ဝှက်ပြီး တစ်ရက်လျှင် 24 နာရီ၊ တစ်ပတ်လျှင် 7 ရက်ပတ်လုံး အွန်လိုင်းနှင့် ဖုန်းဖြင့် အကြံဉာဏ်ပေးတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။

kidshelpline.com.auကို ဝင်ရောက်ကြည့်ရှုပါသို့မဟုတ်1800 55 1800.ကို ခေါ်ဆိုပါ အကယ်၍ စကားပြန်လိုအပ်ပါက အမျိုးသား ဘာသာပြန်နှင့် စကားပြန်ဝန်ဆောင်မှု ဖုန်း131 450ကိုခေါ်ဆိုပြီး Kids Helpline ကိုစကားပြောလိုကြောင်းပြောကြားပါ။

NURSE-ON-CALL

NURSE-ON-CALL က မှတ်ပုံတင်ထားသော သူနာပြုတစ်ဦးထံမှ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်မှုအကြံဉာဏ်များကို တစ်ရက်လျှင် 24 နာရီ၊ တစ်ပတ်လျှင် 7 ရက်ပတ်လုံး ချက်ချင်းပေးသည့်ဖုန်းဝန်ဆောင်မှု ဖြစ်ပါတယ်။

healthdirect.gov.au/nurse-on-callကို သွားရောက်ပါ ဒါမှမဟုတ်1300 60 60 24ကိုခေါ်ဆိုပါ။

အကယ်၍ သင်က စကားပြန်တစ်ဦး လိုအပ်ပါက National Translating and Interpreting Service ဖုန်း 131 450 ကိုခေါ်ဆိုပြီး NURSE-ON-CALLနှင့် စကားပြောလိုကြောင်း ပြောကြားပါ။

Safe Steps

Safe Steps က ဗစ်တိုးရီးယားပြည်နယ်ရဲ့ မိသားစုတွင်း အကြမ်းဖက်မှု အရေးပေါ် အကျပ်အတည်း ဝန်ဆောင်မှုဖြစ်ပြီး တစ်ရက်လျှင် 24 နာရီ၊ တစ်ပတ်လျှင် 7 ရက်ပတ်လုံး အောက်ပါတို့မှတစ်ဆင့်ပံ့ပိုးမှုများ ပေးလျက်ရှိပါတယ် တယ်လီဖုန်းဝန်ဆောင်မှု။ သူတို့ရဲ့ အရေးပေါ်ဆက်သွယ်ရန်လိုင်းကို အထူးလေ့ကျင့်ထားပြီး အတွေ့အကြုံရှိ၊ နားလည်စာနာတတ်တဲ့ မိသားစုတွင်း အကြမ်းဖက်မှုဆိုင်ရာ အရေးပေါ်အခြေအနေအထူးကျွမ်းကျင်သူတွေက ဖုန်းကိုင်ပြီး ဖြေဆိုပေးပါတယ်။

safesteps.org.au ကိုသွားရောက်ပါ ဒါမှမဟုတ်1800 015 188 ကို ခေါ်ဆိုပါ။

သင်စကားပြန်တစ်ဦးလိုအပ်ပါက ရနိုင်ပါသည်-

သူတို့သိဖို့လိုပါလိမ့်မယ် -

သို့မဟုတ် သင်က သူတို့ရဲ့ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုပြီး သင့်ဘာသာစကားကို ရှာဖွေရန်အတွက် ‘ဝင်ရောက်နိုင်မှု စာရင်း’ ကို ရွေးချယ်နိုင်ပါတယ်။

The Orange Door

The Orange Door က မိသားစုတွင်း အကြမ်းဖက်မှု အခြေအနေများတွင် ပါဝင်ပတ်သက်နေသော လူကြီးများ၊ ကလေးသူငယ်များနှင့် လူငယ်များအတွက် ဝန်ဆောင်မှုများ ပံ့ပိုးပေးပါတယ်။

ဝန်ဆောင်မှုကို တနင်္လာနေ့မှ သောကြာနေ့အထိ မနက် 9:00 နာရီမှ ညနေ 5:00 နာရီ အတွင်း ဖွင့်လှစ်ထားပါတယ်(အများပြည်သူရုံးပိတ်ရက်များမှာ ပိတ်ပါတယ်)။

သင့်ဒေသတွင်းဝန်ဆောင်မှုကို တည်နေရာ သို့မဟုတ် စာပို့သင်္ကေတဖြင့် ရှာဖွေနိုင်ပါတယ်

သင့်ရဲ့ဘာသာစကားနဲ့အချက်အလက်တွေအတွက်Orange doorကိုသွားရောက်ပါ။

သင်စကားပြန်တစ်ယောက်လိုအပ်ရင် ဝန်ဆောင်မှုကိုအသိပေးပါ -

စကားပြန်တစ်ဦးမှသင့်ကို ပြန်လည်ခေါ်ဆိုပါလိမ့်မယ်။

စိတ်ကျန်းမာရေးနှင့် သုခဗဟိုချက်

Mental Health and Wellbeing Hubs က သင့်အား အောက်ပါပြဿနာများအပါအဝင် ကိစ္စရပ်မျိုးစုံမှာ ကူညီပေးနိုင်ပါတယ်။

betterhealth.vic.gov.au/mental-health-and-wellbeing-hubs သို့ သွားရောက်ပါ ဒါမှမဟုတ် နောက်ထပ်အချက်အလက်များအတွက် ဖုန်း 1300 375 330 ကို ခေါ်ဆိုပါ။

သင့်ဘာသာစကားအတွက်အကူအညီလိုခဲ့လျှင် National Translating and Interpreting Service ရဲ့ဖုန်းနံပါတ်131 450 ကိုဖုန်းခေါ်ဆိုပြီးစကားပြန်တောင်းခံနိုင်ပါတယ်။ ထို့နောက် Mental Health and Wellbeing Hubs ဖုန်း1300 375 330နှင့် အဆက်အသွယ်ရရန်တောင်းခံပါ။

Safety & emergencies

Updated 16 October 2025



About the VIC Government

Grants and programs

Jobs and careers

Arts, culture and heritage

Business and the workplace

Communities

Education and training

Environment, water and energy

Finance and economy

Health and social support

Housing and property

Law and justice

Safety and emergencies

Science and technology

Sport and recreation

Traffic and transport

Working in the Victorian Government