Mini vic.gov.au

This is a low bandwidth version of vic.gov.au. Contents may not be up to date. © Copyright State Government of Victoria

Free Kinder for refugee and asylum seeker families – Burmese

https://player.vimeo.com/video/1163149959

Free Kinder for refugee and asylum seeker families – Burmese

Free Kinder for refugee and asylum seeker families – Burmese

TRANSCRIPT

ကျွန်မနာမည်က ဒယ်လ်ဒါးဘယ်ဂွန် ဖြစ်ပါတယ်။ ကျွန်မက ဒုက္ခသည်အဖြစ် အော်စတြေးလျားကို လာရောက်ခဲ့ပါတယ်။ Kindergarten တက်နေတဲ့ ဆမ်မိုင်ရားရဲ့ အမေ ဖြစ်ပါတယ်။

ဆမ်မိုင်ရားတက်နေတဲ့ မူကြိုကျောင်းမှာ လူမျိုးပေါင်းစုံက ကလေးတွေ ရှိပါတယ်။ ဘယ်သူ့ကိုမှ ခွဲခြားဆက်ဆံမှု မရှိပါဘူး။ ကလေးတွေကို တန်းတူညီတူ ဆက်ဆံပေးတဲ့အတွက် ကျွန်မရဲ့ ကလေးက “ငါတို့အားလုံးက တူတူပဲ” လို့ ယုံကြည်လာပါတယ်။

အဲ့ဒီလို ယုံကြည်လာတဲ့အတွက် သူမမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာပြီး လူတိုင်းနဲ့ ပြောဆိုရဲတဲ့ သတ္တိလည်းရလာပါတယ်။

ပန်းချီဆွဲတာမှာလည်း သူမ အရမ်းတိုးတက်လာပါတယ်။ အိမ်ပြန်ရောက်တိုင်း ပန်းချီဆွဲနေတတ်ပါတယ်။ အထူးသဖြင့် ကောင်းလာတာက သူမရဲ့ စိတ်ခံစားချက်တွေကို ပန်းချီနဲ့ဖော်ပြနိုင်လာတာပါ။ ပျော်နေချိန်ဖြစ်ဖြစ် ဝမ်းနည်းနေချိန်ဖြစ်ဖြစ် မိသားစုအကြောင်း ပုံတွေ ဆွဲပြီး ကျွန်မတို့ကို ပြတတ်ပါတယ်။

မိသားစုတစ်စုက Kindergarten ကို သွားတဲ့အခါ ဘာသာစကား မပြောတတ်ဘူးဆိုရင် ကျွန်မတို့လို ရိုဟင်ဂျာဘာသာ ပြောတဲ့ မိသားစုတွေအတွက် ရိုဟင်ဂျာဘာသာပြန်ကို ဖုန်းနဲ့ ချက်ချင်းစီစဉ်ပေးပါတယ်။ ကိုယ်ပြောတတ်တဲ့ ဘာသာစကားနဲ့ အကူအညီ ရနိုင်ပါတယ်။

ဒုက္ခသည်အဖြစ် လာရောက်တဲ့ မိသားစုအားလုံးအတွက် အသက် ၃ နှစ်ကစပြီးမူကြိုကျောင်းက အခမဲ့ ဖြစ်ပါတယ်။ Pre-Prep လည်း အခမဲ့ပါပဲ။ အစိုးရက Kindergarten အချိန်တွေကိုလည်း တိုးပေးထားပြီး ကျွန်မတို့ မိသားစုလည်း အဲ့ဒီအကျိုးခံစားခွင့်ကို ရရှိခဲ့ပါတယ်။ ဒါက အသစ်အခြေချနေတဲ့ မိသားစုတွေအတွက် ပိုပြီး အဆင်ပြေစေပါတယ်။

ဒုက္ခသည် မိသားစုတွေက မူကြိုကျောင်းကို ဘယ်လို ရှာရမလဲဆိုရင် findakinder.vic.gov.au ဝက်ဘ်ဆိုဒ်မှာ ရှာနိုင်ပါတယ်။ ဒါ့အပြင် ကလေးကာကွယ်ဆေးထိုးပေးတဲ့ nurse ကို မေးနိုင်ပါတယ်။ နီးစပ်ရာ ကျောင်းတွေကို မေးရင်လည်း Kinder[garten] ဘယ်နေရာမှာရှိတယ်ဆိုတာ ကူညီပြောပြပေးပါလိမ့်မယ်။

ကျွန်မရဲ့အမြင်အရ ဒုက္ခသည် မိဘတွေ အတွက် ကလေးတွေကို Kindergarten တက်ခိုင်းတာဟာ အရမ်းကောင်းတဲ့ အစီအစဉ်တစ်ခုပါပဲ။ ဒီထက် ကောင်းတဲ့ အစီအစဉ် မရှိတော့ပါဘူး။

သင့်အနားရှိမူကြိုသင်တန်းကျောင်းကို findakinder.vic.gov.au မှာ ရှာပါ။

Updated 11 February 2026



About the VIC Government

Grants and programs

Jobs and careers

Arts, culture and heritage

Business and the workplace

Communities

Education and training

Environment, water and energy

Finance and economy

Health and social support

Housing and property

Law and justice

Safety and emergencies

Science and technology

Sport and recreation

Traffic and transport

Working in the Victorian Government