Mini vic.gov.au

This is a low bandwidth version of vic.gov.au. Contents may not be up to date. © Copyright State Government of Victoria

ကျောင်းအပ်ရမည့်နည်းနှင့် အချိန် (How and when to enrol) - မြန်မာ (Burmese)

On this page

ကျောင်းအပ်နည်း

ကျောင်းအပ်ခြင်းအကြောင်းနှင့်ပတ်သက်၍ သင့်ဒေသခံကောင်စီ သို့မဟုတ် မူကြိုကျောင်းနှင့် ဆက်သွယ်ပါ။ သုံးနှစ်သား မူကြိုတန်းစုံစမ်းရေးလိုင်း ဖုန်း ၁၈၀၀ ၃၃၈ ၆၆၃ ကိုခေါ်ဆိုနိုင်သည် သို့မဟုတ် 3YO.kindergarten@education.vic.gov.au သို့ အီးမေးလ်ပို့နိုင်ပါသည်။

သင့်ဘာသာစကားဖြင့် ပံ့ပိုးမှု သို့မဟုတ် စကားပြန်ရယူရန်အတွက် နိုင်ငံလုံးဆိုင်ရာ ဘာသာပြန်နှင့် စကားပြန်ဌာန ဖုန်း 131 450 ကို ဦးစွာ ဖုန်းခေါ်ပါ။

အခမဲ့ မိဘနှင့် အုပ်ထိန်းသူ ဖုန်း စကားပြန်လုပ်ငန်းကို မည်သို့အသုံးပြုရမည့်အကြောင်းကိုလည်း သင့် Kinder အား မေးမြန်းနိုင်သည်။

စောစောစသည့် မူကြိုတန်း (Early Start Kindergarten - ESK)

ဒုက္ခသည် သို့မဟုတ် ခိုလှုံခွင့်လျှောက်ထားသူကလေးများသည် အပိုထောက်ပံ့မှုများကို ရနိုင်ပြီး စောစောစသည့် မူကြိုတန်းမှတဆင့် မူကြိုတန်းသို့ ဦးစားပေး ဝင်ရောက်ခွင့်ကို ရရှိနိုင်ပါသည်။ သင့်ကလေးအား ကျောင်းအပ်ချိန်တွင် စောစောစသည့် မူကြိုတန်းအကြောင်းကို သင့်ဒေသခံကျောင်းကို မေးမြန်းနိုင်သည်၊ သို့မဟုတ် Early Start Kindergarten ကို သွားရောက်ဖတ်ရှုပါ။

ကျောင်းအပ်ရမည့်အချိန်

ဗစ်တိုးရီးယားတွင် အသက် ၃ နှစ်ကလေးများကို မူကြိုတန်းအစီအစဉ်တစ်ခုတွင် စတင်အပ်နိုင်သည်။ သုံးနှစ် - လေးနှစ်အရွယ် မူကြိုတန်း သို့မဟုတ် ပြင်ဆင် အကြိုတန်း စတက်ရမည့်နှစ်ကို သိရှိရန် သင့်ကလေး၏မွေးနေ့ကို Starting Age Calculator တွင် ထည့်ပါ။

သင့်ကလေးသည် ဇန်နဝါရီ ၁ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း မွေးဖွားပါက၊ သုံးနှစ်အရွယ်မူကြိုတန်းစတက်မည့်နှစ်ကို သင်ရွေးချယ်နိုင်ပါသည်။ သင့်ကလေးသည် သုံးနှစ်အရွယ်မူကြိုတန်းကို အသက် ၃ နှစ် ပြည့်သည့်ထိုနှစ် သို့မဟုတ် အသက် ၄ နှစ်ပြည့်မည့် နောက်နှစ်တွင် စတက်နိုင်ပါသည်။ သင့်ကလေးသည် အသက် ၃ နှစ် ပြည့်သည့်နှစ်တွင် သုံးနှစ်အရွယ်မူကြိုတန်း စတက်ခဲ့ပါက၊ ကလေး ၅ နှစ်ပြည့်မည့်နှစ်တွင် မူလတန်းကျောင်း စတက်နိုင်ပါမည်။ သင့်ကလေးကို အသက် ၄ နှစ် ပြည့်မည့်နှစ်တွင် သုံးနှစ်အရွယ်မူကြိုတန်း စတက်ရန် ရွေးချယ်ခဲ့ပါက၊ ကလေး ၆ နှစ်ပြည့်မည့်နှစ်တွင် မူလတန်းကျောင်း စတက်နိုင်ပါမည်။

မူကြိုတန်းအစီအစဉ်ကို ရှာပါ

အသိအမှတ်ပြု မူကြိုတန်းအစီအစဉ်များ ရနိုင်သည့် မူကြိုကျောင်းများကို find a kinder ဝဘ်ဆိုဒ် တွင် ရှာဖွေပါ။ သင်၏ဒေသခံကောင်စီနှင့် မူကြိုတန်းကျောင်းများသည် မူကြိုတန်း ရှာရာတွင် ကူညီပေးနိုင်သည်။

Kinder Tick ကိုရှာပါ

Kinder Tick သည် ဗစ်တိုးရီးယားမိသားစုများကို ၎င်းတို့၏ကလေးများအတွက် အသိအမှတ်ပြုမူကြိုတန်းအစီအစဉ်ကို ရှာဖွေရန် ကူညီပေးပါသည်။

Kinder Tick တံဆိပ်ကို သင့်ဒေသခံ မူကြိုကျောင်း၊ ကျောင်းအဆောက်အဦ သို့မဟုတ် ‌‌ကျောင်းဝန်း၊ ကျောင်းဝဘ်ဆိုက် သို့မဟုတ် ‌ကျောင်းမှစာရွက်စာတမ်းများတွင် ရှာဖွေပါ။

Updated 26 March 2026



About the VIC Government

Grants and programs

Jobs and careers

Arts, culture and heritage

Business and the workplace

Communities

Education and training

Environment, water and energy

Finance and economy

Health and social support

Housing and property

Law and justice

Safety and emergencies

Science and technology

Sport and recreation

Traffic and transport

Working in the Victorian Government