Mini vic.gov.au

This is a low bandwidth version of vic.gov.au. Contents may not be up to date. © Copyright State Government of Victoria

မူကြိုပညာရေးတွင် အလုပ်အကိုင်အခွင့်အလမ်းများ (Career Opportunities in Early Childhood Education) - မြန်မာ (Burmese)

On this page

မူကြိုပညာရေး ဆရာသစ်များနှင့် ပညာရှင်သစ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ

ဗစ်တိုးရီးယားအစိုးရသည် ထုံးတမ်းစဉ်လာမတူ ဘာသာစကားကွဲပြားသည့်သူများအပါအဝင် ဗစ်တိုးရီးယားနေ မိသားစုအားလုံး၏အကျိုး တိုးတက်လာစေရေးအတွက် ပြောင်းလဲမှုတစ်ခု ပြုလုပ်ရန် ကတိပြုထားပါသည်။

ထိုသို့ကတိပြုထားသည့်အတိုင်း “အစကောင်းမှ အနောင်း‌သေချာ (Best Start၊ Best Life)” ပြုပြင်ပြောင်းလဲရေးအတွက် ဒေါ်လာ သန်း ၃၇၀ ကျော် ရင်းနှီးမြှုပ်နှံ၍ မူကြိုဝန်ထမ်းအင်အားကို သိသိသာသာ မြှင့်တင်ပေးပါမည်။

ပြည်နယ်တစ်ဝှမ်းအတွက် မှုကြိုကျောင်းဆရာနှင့် ပညာရှင်များ ၁၁,၀၀၀ ကျော် ရရှိပံ့ပိုးပေးနိုင်မည့် ဝန်ထမ်းအင်အား အစပျိုးစီမံချက်များစွာကို စီစဉ်ထားပါသည်။

မူကြိုပညာရေးတွင် အလုပ်လုပ်လိုသော အရည်အချင်းပြည့်မီသည့် အလွှာပေါင်းစုံမှ လျှောက်လွှာရှင်များအတွက် ငွေကြေးနှင့် ငွေကြေးမဟုတ်သော ပံ့ပိုးမှုများ ရရှိနိုင်ပါသည်။

မှုကြိုကျောင်းဆရာ သို့မဟုတ် ပညာရှင်များ ဖြစ်လာနိုင်ပုံ သိရှိနိုင်ရန် အောက်ပါ သတင်းထုတ်ပြန်ချက်များကို ဖတ်ပါ။

မူကြိုပညာရေးအလုပ်အတွက် အစပြုတည်ဆောက်ခြင်း

မှုကြိုကျောင်းဆရာ သို့မဟုတ် ပညာရှင်များဖြစ်လိုသောသူများအတွက် ရွေးချယ်ရန် ကျောင်း‌များစွာနှင့် ငွေကြေးအထောက်အပံ့ အမျိုးမျိုးရှိပါသည်။ ပိုမိုသိရှိလိုပါက၊ ဝင်ရောက်ဖတ်ရှုရန် - Financial support to study and work in early childhood | vic.gov.au

မူကြိုပညာရေးအလုပ်အကိုင်များနှင့် သင်တန်းများအတွက် ငွေကြေးပံ့ပိုးမှုများကို ဝင်ရောက်ဖတ်ရှုရန် Become an early childhood teacher or educator။

အလုပ်အကိုင်

မူကြိုပညာရေးတွင် အလုပ်အကိုင်ခေါ်ယူခြင်းကို ကျောင်းတစ်ခုစီ၏မန်နေဂျာများနှင့် မူကြိုတန်းအစီအစဉ်ပေးသူများက ပြုလုပ်ပါသည်။

ရနိုင်သော အလုပ်အကိုင်များနှင့် ထိုကဏ္ဍတွင် အလုပ်လုပ်နေသူများ၏ ဖြစ်ရပ်မှန်များကို ဖတ်ရှုရန် Early Childhood Jobs ဝဘ်ဆိုဒ်သို့ သွားပါ။

အပိုထောက်ပံ့မှုများ ပေးအပ်ထားသော မူကြိုပညာရေးသင်တန်းများအတွက်၊ Early Childhood Tertiary Partnerships program | vic.gov.auသို့ ဝင်ရောက်ဖတ်ရှုပါ။

Updated 26 March 2026



About the VIC Government

Grants and programs

Jobs and careers

Arts, culture and heritage

Business and the workplace

Communities

Education and training

Environment, water and energy

Finance and economy

Health and social support

Housing and property

Law and justice

Safety and emergencies

Science and technology

Sport and recreation

Traffic and transport

Working in the Victorian Government