Mini vic.gov.au

This is a low bandwidth version of vic.gov.au. Contents may not be up to date. © Copyright State Government of Victoria

Burmese - Kinder Tick

ဗစ်တိုးရီးယားပြည်နယ်ရှိ မိသားစုများအား သူငယ်တန်းကျောင်း ရှာဖွေတွေ့ရှိရေးကို အထောက်အကူပြုပေးရန် ဗစ်တိုးရီးယားပြည်နယ် အစိုးရ၌ Kinder Tick (သူငယ်တန်း အမှတ်ခြစ်) ဟုခေါ်တွင်သော သင်္ကေတအသစ်တစ်ခုရှိပါသည်။ ဗစ်တိုးရီးယားပြည်နယ်ရှိ မိသားစုများအား သူငယ်တန်းကျောင်း ရှာဖွေတွေ့ရှိရေးကို အထောက်အကူပြုပေးရန် ဗစ်တိုးရီးယားပြည်နယ် အစိုးရ၌ Kinder Tick (သူငယ်တန်း အမှတ်ခြစ်) ဟုခေါ်တွင်သော သင်္ကေတအသစ်တစ်ခုရှိပါသည်။

သင်သည် သူငယ်တန်းကျောင်း သို့မဟုတ် ကလေးများ၏ စဦးဘဝဆိုင်ရာ ဝန်ဆောင်မှု အဖွဲ့အစည်းတည်ရှိသော အဆောက်အဦတစ်ခုထဲသို့ ရောက်ရှိလာလျှင် ဤသင်္ကေတကို တွေ့မြင်ရပါလိမ့်မည်။ သင်သည် ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင်လည်း ဤသင်္ကေတကို တွေ့မြင်ကောင်း တွေ့မြင်ရပါလိမ့်မည်။

ဤသူငယ်တန်းကျောင်းဆိုင်ရာ ဝန်ဆောင်မှုများသည် ကလေးများ၏ ပညာရေးအတွက် အလွန်ပင် အရေးကြီးပါသည်။

Kinder Tick (သူငယ်တန်း အမှတ်ခြစ်) ၏ ပုံမှာ ဤကဲ့သို့ဖြစ်ပါသည်။

အဆိုပါ အမှတ်ခြစ်၏ အဓိပ္ပာယ်မှာ ယင်းဝန်ဆောင်မှုများကို ဗစ်တိုးရီးယား အစိုးရက ငွေကြေးထောက်ပံ့ထားခြင်းကို ဆိုလိုပါသည်။

သင့်ကလေးများသည် ဆော့ကစားခြင်းအားဖြင့် အရည်အချင်းပြည့်မီသော ဆရာ၊ဆရာမများထံမှ ပညာတတ်မြောက်ကြပါလိမ့်မည်။

ဥပမာ၊ ကလေးများသည် ဘာသာစကား၊ ကိန်းဂဏန်းများနှင့် ပုံစံများအကြောင်းတို့ကို လေ့လာသင်ယူကြပါလိမ့်မည်။ ကလေးများသည် မိတ်ဖွဲ့ခြင်း၊ မျှဝေခြင်းနှင့် နားထောင်ခြင်းဆိုင်ရာ နည်းနာများကို လေ့လာတတ်မြောက်ကြပါလိမ့်မည်။ ကလေးများသည် ကျောင်းတက်ရန် အဆင်သင့်ဖြစ်နေဖို့ ၎င်းတို့အား အထောက်အကူပြုပေးမည့် အခြားကျွမ်းကျင်မှုများကိုလည်း တတ်မြောက်ကြပါလိမ့်မည်။

ဗစ်တိုးရီးယားပြည်နယ်ရှိ ကလေးများသည် 2022 (၂၀၂၂) ခုနှစ်မှ စတင်၍ ကျောင်းမတက်မီ သူငယ်တန်းကို နှစ်နှစ် တက်နိုင်ကြပါသည်။

သူငယ်တန်း အစီအစဉ်သည် ကလေးထိန်းမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်နိုင်သလို သီးခြားအစီအစဉ်တစ်ရပ်လည်းဖြစ်နိုင်ပါသည်။

သင်၏ လူမှုအသိုင်းအဝိုင်းတွင် Kinder Tick (သူငယ်တန်း အမှတ်ခြစ်) ကို ရှာကြည့်ပါ။ သင့်အနေဖြင့် သိကောင်းစရာ အချက်အလက်များကို ပိုမိုသိရှိလိုပါက သူငယ်တန်း ဆရာ၊ဆရာမများအား မေးမြန်းနိုင်ပါသည်။

Updated 26 March 2026



About the VIC Government

Grants and programs

Jobs and careers

Arts, culture and heritage

Business and the workplace

Communities

Education and training

Environment, water and energy

Finance and economy

Health and social support

Housing and property

Law and justice

Safety and emergencies

Science and technology

Sport and recreation

Traffic and transport

Working in the Victorian Government