Mini vic.gov.au

This is a low bandwidth version of vic.gov.au. Contents may not be up to date. © Copyright State Government of Victoria

စောစောစသည့် မူကြိုတန်း (Early Start Kindergarten) - မြန်မာ (Burmese)

On this page

သင်သည် ဒုက္ခသည် သို့မဟုတ် ခိုလှုံခွင့်လျှောက်ထားသူ ဖြစ်ပါက ကလေးသည် စောစောစသည့် မူကြိုတန်း (Early Start Kindergarten - ESK) ကို တက်ရောက်ခွင့် ရနိုင်သည်။ ESK သည် သင့်ကလေးအတွက် အပတ်စဉ်ရနိုင်သော အခမဲ့ မူကြိုတန်းအစီအစဉ် နာရီအများဆုံးရရန် ကူညီပေးနိုင်သည်။

လျှောက်ထားနည်း

အရည်အချင်းပြည့်ဝသော ဆရာသင်ကြားပေးမည့် မူကြိုအစီအစဉ်အားလုံးတွင် ESK ကို ရနိုင်ပါသည်။ သင့်အနီးရှိ မူကြိုကျောင်းတွင် စောစောစသည့် မူကြိုတန်း ထောက်ပံ့ကြေးရနိုင်မည့်နည်းအကြောင်း ဆက်သွယ်မေးမြန်းခြင်းဖြင့် သင့်ကလေးကို ‌ကျောင်းအပ်နိုင်ပါသည်။ Kinder ကျောင်းများသည် သတင်းအချက်အလက်များအတွက် သင့်ဘာသာစကားဖြင့် ပြန်ဆိုခြင်းများအတွက် အခမဲ့ ဘာသာပြန်လုပ်ငန်း အသုံးပြုနိုင်ပါသည်။

သင်သည် ပညာရေးဌာန၏ သုံးနှစ်အရွယ်မူကြိုတန်း စုံစမ်းရေးဖုန်းလိုင်း ၁၈၀၀ ၃၃၈ ၆၆၃ သို့ သို့မဟုတ် သင်၏ ဒေသခံကောင်စီသို့ ဆက်သွယ်ခြင်းဖြင့်လည်း အကူအညီ ရနိုင်ပါသည်။ သင့်စကားဖြင့် အကူအညီရယူရန် သင်သည် နိုင်ငံတော် ဘာသာပြန်နှင့် စကားပြန်လုပ်ငန်းသို့ ၁၃၁ ၄၅၀ မှတဆင့် ဖုန်းခေါ်ပြီးနောက်၊ စကားပြန်အား သင့်ဒေသခံကောင်စီ သို့မဟုတ် ပညာရေးဌာန၏ ဖုန်းနံပါတ်ကို ဆက်သွယ်ခိုင်းပါ၊ ဖုန်းခေါ်နေစဉ် ထိုစကားပြန်မှ စကားပြန်ဆိုပေးပါမည်။

လျှောက်ထားရမည့်အချိန်

ကလေးများသည် သုံးနှစ်အရွယ်မူကြိုတန်းတက်ရန် ကျောင်းအပ်ထားသောနှစ်၏ ဧပြီလ ၃၀ရက်မတိုင်မီ အသက်သုံးနှစ်ပြည့်ပါက ESK ရနိုင်ပါသည်။ ‘when to enrol’ကို ကြည့်ပါ။

သင့်ကလေးသည် ဇန်နဝါရီ ၁ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း မွေးဖွားပါက၊ သုံးနှစ်အရွယ်မူကြိုတန်းစတက်မည့်နှစ်ကို သင်ရွေးချယ်နိုင်ပါသည်။ သင့်ကလေးသည် သုံးနှစ်အရွယ်မူကြိုတန်းကို အသက် ၃ နှစ် ပြည့်သည့်ထိုနှစ် သို့မဟုတ် အသက် ၄ နှစ်ပြည့်မည့် နောက်နှစ်တွင် စတက်နိုင်ပါသည်။ သင့်ကလေးသည် အသက် ၃ နှစ် ပြည့်သည့်နှစ်တွင် သုံးနှစ်အရွယ်မူကြိုတန်း စတက်ခဲ့ပါက၊ ကလေး ၅ နှစ်ပြည့်မည့်နှစ်တွင် မူလတန်းကျောင်း စတက်နိုင်ပါမည်။ သင့်ကလေးကို အသက် ၄ နှစ် ပြည့်မည့်နှစ်တွင် သုံးနှစ်အရွယ်မူကြိုတန်း စတက်ရန် ရွေးချယ်ခဲ့ပါက၊ ကလေး ၆ နှစ်ပြည့်မည့်နှစ်တွင် မူလတန်းကျောင်း စတက်နိုင်ပါမည်။

သင့်ကလေး ESK ရနိုင်မည့်အချိန် တွက်ချက်ရာတွင် အကူအညီလိုအပ်ပါက ပညာရေးဌာန၊ သင့်ဒေသခံကောင်စီ၊ မိခင်နှင့်ကလေးကျန်းမာရေး သူနာပြု၊ သို့မဟုတ် သင့်အနီးရှိ မူကြိုကျောင်း သို့မဟုတ် သင့်အနီးရှိ အောက်ပါအဖွဲ့အစည်းများကို ဆက်သွယ်နိုင်ပါသည်။

မိမိကလေးသည် လေးနှစ်အရွယ် မူကြိုတန်းသို့ တက်သင့်ပါသလား။

တက်သင့်ပါသည်၊ စောစောစသည့် မူကြိုတန်းတက်ခွင့်ရသောကလေးများသည် အခမဲ့ သို့မဟုတ် ကုန်ကျစရိတ်သက်သာသော လေးနှစ်အရွယ် မူကြိုတန်း တက်နိုင်ပါသည်။ ၂၀၂၅ ခုနှစ်မှစ၍ လေးနှစ်ရွယ် သူငယ်တန်းကျောင်းသည် တဖြည်းဖြည်း Pre-Prep ဖြစ်လာနေပါပြီ။ ၂၀၂၆ ခုနှစ်တွင် တစ်ပတ် ၂၅ နာရီအထိ သင်ကြားပေးသော Pre-Prep ကို အောက်ပါကလေးများအား သင်ကြားပေးပါသည်-

ယခင်နှစ်တွင် ESK မှတစ်ဆင့် ‌ကျောင်းအပ်ထားခြင်းဖြင့် သင့်ကလေးသည် ဗစ်တိုးရီးယားမည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေကာမူ အပတ်စဉ် တိုးမြှင့်ထားသော ပြင်ဆင် အကြိုတန်းနာရီများကို ရရှိနိုင်ရန် အာမခံပါသည်။ ယခင်နှစ်က ESK မှတဆင့် ကျောင်းမအပ်ထားသော်လည်း မိသားစုများသည် ပြင်ဆင် အကြိုတန်း ရနိုင်ပါသည်။

Updated 26 March 2026



About the VIC Government

Grants and programs

Jobs and careers

Arts, culture and heritage

Business and the workplace

Communities

Education and training

Environment, water and energy

Finance and economy

Health and social support

Housing and property

Law and justice

Safety and emergencies

Science and technology

Sport and recreation

Traffic and transport

Working in the Victorian Government