Mini vic.gov.au

This is a low bandwidth version of vic.gov.au. Contents may not be up to date. © Copyright State Government of Victoria

မူကြိုတန်း အလုပ်လုပ်ပုံ (How kinder works) - မြန်မာ (Burmese)

On this page

‘မူကြိုတန်း’ သို့မဟုတ် ‘ငယ်ရွယ်စဉ် ကလေးပညာရေး’ ဟုလည်း ရည်ညွှန်းသည့် မူကြိုတန်းသည် သင့်ကလေး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် သင်ယူမှု၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ အရည်အသွေးမြှင့် မူကြိုတန်း အစီအစဉ်တစ်ခုကို အသက် ၃ နှစ်အရွယ်မှာစတင်ပေးခြင်းသည် ကလေးများ၏ ဘဝနှင့် ကျောင်းပညာ‌ရေးတွင် ကောင်းစွာ သင်ယူလေ့လာနိုင်အောင် ကူညီပေးနိုင်သည့် ကျွမ်းကျင်မှုများကို ဖွံ့ဖြိုးတိုးတက်စေပါသည်။

၃နှစ်နှင့် ၄နှစ်အရွယ် သူငယ်တန်းကို မည်သည့်နှစ်တွင် စတင်အပ်နိုင်သည်ကို သိရှိရန် ကျောင်းစအပ်မည့်အသက် တွက်စက် (Starting Age Calculator)တွင် သင့်ကလေး၏ မွေးသက္ကရာဇ်ကို သင် ထည့်သွင်းနိုင်သည်။

Pre-Prep ဆိုတာ ဘာလဲ

၂၀၂၅မှစ၍ လေးနှစ်အရွယ် သူငယ်တန်းသည် Pre-Prep ဖြစ်လာသည်။

၂၀၂၆မှစ၍ အပတ်စဉ် ၁၆ နာရီမှ ၂၅ နာရီ Pre-Prep ကို အောက်ပါကလေးများ တက်ရောက်နိုင်သည်-

Pre-Prep သည် ကစားခြင်းအခြေခံထားပြီး အရည်အချင်းပြည့် မူကြိုဆရာများ၏သင်ကြားမှုဖြင့် ဆက်လက်ရှိနေပါမည်။

အချိန်နာရီထပ်ဆောင်းပေးထားခြင်းဖြင့် ကလေးများအတွက် ကစားခြင်းအခြေခံသင်ကြားမှုအချိန်ပိုမိုရရှိပြီး ကျွမ်းကျင်မှုများနှင့် ယုံကြည်စိတ်ချမှုကို မြှင့်တင်ပေးပါမည်။

Pre-Prep ကို (အချိန်ပိုင်း) သူငယ်တန်းကျောင်းသီးသန့်များနှင့် နေ့ကလေးထိန်းဌာနများတွင် သင်ကြားပေးပါသည်။

Pre-Prep၊ လေးနှစ်ရွယ် သူငယ်တန်းနှင့် သုံးနှစ်အရွယ် Kinder တို့သည် Free Kinder၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။ Free Kinder အကြောင်း ပိုမိုလေ့လာပါ။

မူကြိုတန်း၏ အချိန်-

အစိုးရထောက်ပံ့မှုရသော သုံးနှစ်အရွယ် မူကြိုတန်းအစီအစဉ်များကို တစ်ပတ်လျှင် ၅ နာရီမှ ၁၅ နာရီအထိ တက်ရောက်နိုင်ပါသည်။ အစိုးရထောက်ပံ့မှုရသော လေးနှစ်အရွယ် မူကြိုတန်းအစီအစဉ်များကို တစ်ပတ်လျှင် ၁၅ နာရီ တက်ရောက်နိုင်ပါသည်။

လေးနှစ်အရွယ် Kinder သည် ဗစ်တိုးရီးယားတွင် အပတ်စဉ် ၁၅ နာရီမှ ၃၀ နာရီအထိ တဖြည်းဖြည်းတိုး၍ သင်ပေးမည့် Pre-Prep ဖြစ်လာနေပါပြီ။

အတည်ပြုထားသည့် ရလဒ်များ

သူငယ်တန်းအစီအစဉ်သို့ တက်သည့်ကလေးများသည် ဂဏန်းနှင့်အက္ခရာများကို ရေတွက်မှတ်မိသည့်အပြင် ပြဿနာများကို ဖြေရှင်းနည်းစသည့် စွမ်းရည်များ ရရှိလာပါသည်။ မူကြိုတန်းအစီအစဉ်တွင် သင့်ကလေးသည် မိမိကိုယ်မိမိ ယုံကြည်စိတ်နှင့် မှီခိုမှုကင်းစိတ် ဖြစ်လာမည်ဖြစ်ပြီး လူမှုရေးဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာ စွမ်းရည်များကို သင်ယူပါမည်။ ကလေးများသည် ပြောဆိုဆက်ဆံကြပြီး မိတ်ဆွေသစ်များ ရလာပါမည်။

ကလေးသည် တစ်သမတ်တည်း Kinder တက်ရောက်သည့်အခါ အခြားအတန်းတူကျောင်းသားများအပြင် ဆရာများနှင့် အချိတ်အဆက်များ ပိုမိုခိုင်မြဲစွာ ရရှိမည်ဖြစ်သည်။ ဤသို့သော ပါဝင်ချိတ်ဆက်ခြင်း၏ ခံစားချက်သည် သင့်ကလေးအား တန်ဖိုးထားမှု၊ လုံခြုံမှုနှင့် ပညာသင်ယူခြင်းအား စူးစမ်း သင်ယူလိုစိတ်ရှိရန် အထောက်အကူပြုပါသည်။

Kinder ၏ မျှော်မှန်းချက်နှင့် လုပ်ငန်းစဉ်များသည် သင့်ကလေးအား အုပ်စုဖြင့်ပညာသင်ယူခြင်းနှင့်ပတ်သက်၍ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုမိုရှိစေမည့်အသွင် ပုံဖော်ပေးပါသည်။ Kinder ပုံမှန်တက်ရောက်ခြင်းသည် ကလေးအား ပုံမှန်ကျောင်းတက်ရာတွင် ချောမွေ့စွာ ကူးပြောင်းရေးကို အထောက်အကူပြုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် တစ်သမတ်တည်း Kinder တက်ရောက်သည့် ကလေးများသည် ပုံမှန်ကျောင်းစတက်သည်နှင့် ၎င်းတို့၏ ပါဝင်သင်ယူမှု အဆင့်ကို ထိန်းသိမ်းနိုင်ဖွယ် ပိုရှိပါသည်။

သုတေသနအရ ကျောင်းမတက်မီ မူကြိုကို ၂ နှစ် သို့မဟုတ် ၃ နှစ် တက်ရောက်ခဲ့သော အသက် ၁၆ နှစ်အရွယ် ကျောင်းသူ‌ကျောင်းသားများသည် မတက်ရောက်ခဲ့သူများထက် အင်္ဂလိပ်နှင့် သင်္ချာဘာသာရပ်များတွင် အမှတ်များ ပိုမိုကောင်းမွန်ခဲ့ကြသည်။

မိဘများနှင့် မူကြိုတန်းဆရာများ အတူလုပ်ကိုင်ပုံ-

မူကြိုတန်းသည် မိဘများ/အုပ်ထိန်းသူများ၊ မိသားစုများနှင့် ဆရာများကြားအတွင်း ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် အကောင်းဆုံးလုပ်ဆောင်ပါသည်။ မိဘ/အုပ်ထိန်းသူအနေဖြင့် သင်သည် သင့်ကလေးဖွံ့ဖြိုးတိုးတက်မှု၏ အရေးကြီးဆုံး အစိတ်အပိုင်း ဖြစ်ပါသည်။ သင်သည် သင့်ကလေးများကို အမှားမှအမှန်၊ သင့်ဘာသာစကား၊ ယဉ်ကျေးမှုအပြင် ကြင်နာမှုနှင့် လေးစားမှုကဲ့သို့ တန်ဖိုးထားရာများကို သင်ပေးပါသည်။ ဆရာများသည် မူကြိုတန်း၌ သင်ကြားပုံနှင့်သင့်ကလေးအား အိမ်တွင် ဆက်လက် ကူသင်ပေးနိုင်မည့် နည်းလမ်းများကို သင့်အား ပြောပြပါမည်။ ဆရာများသည် သင့်ကလေး၏ စိတ်ဝင်စားရာများနှင့် မည်သို့သင်ယူလိုပုံကို သိလိုကြပါသည်။

စကားပြန်အား အချိန်မရွေး စီစဉ်ပေးရန် မူကြိုတန်းဆရာထံမှ တောင်းခံနိုင်သည်။ စကားပြန်သည် လူကိုယ်တိုင် သို့မဟုတ် ဖုန်း သို့မဟုတ် ဗီဒီယိုဖြင့် ဖြစ်နိုင်သည်။ ဤစကားပြန် အသုံးပြုရန် မိသားစုများအတွက် ကုန်ကျစရိတ်မရှိပါ။

Kinder ကို သင်၏ဘာသာစကားဖြင့် စကားပြောလိုပါက အခမဲ့ မိဘနှင့် အုပ်ထိန်းသူ ဖုန်း စကားပြန်လုပ်ငန်းကို အသုံးပြုနိုင်ပါသည်။ ဤလုပ်ငန်းကို လက်ရှိ၌ ဘာသာစကား ၃၀ ဖြင့် ရရှိနိုင်ပါသည်။

စကားပြန်ကို Kinder အမည်နှင့် ဖုန်းနံပါတ် ပြောပြပြီးနောက် စကားပြန်သည် သင်ပြောဆိုပြီးသည်အထိ ဖုန်းဖြင့် စကားပြန်ပေးပါမည်။ မိဘများနှင့် အုပ်ထိန်းသူများအတွက်လမ်းညွှန်ပါ အဆင့်များကို လိုက်နာလုပ်ဆောင်ပါ။

သူငယ်တန်းကျောင်း၌ သင်ကြားမည်မှာ-

ဆရာဆရာမများသည် ကလေးများအား ကစားခြင်းမှတစ်ဆင့် သင်ယူနိုင်ရန် အားပေးလှုံ့ဆော်ပါသည်။ ဆော့ကစားခြင်းများတွင် ပုံဆွဲခြင်း၊ သီချင်းဆိုခြင်း၊ တောင်တက်ခြင်း၊ တွင်းတူးခြင်းနှင့် အပြင်ဘက်တွင် ပြေးခြင်း၊ အရုပ်များနှင့် ကစားခြင်းနှင့် စာအုပ်ဖတ်ခြင်းတို့ ပါဝင်နိုင်သည်။ ကစားခြင်းသည် ကလေးများအား ဝေမျှပြောဆိုခြင်းနှင့် အလှည့်ပေးခြင်းအားဖြင့် အခြားကလေးများနှင့်ပူးပေါင်းဆောင်ရွက်တတ်ရင်း သူတို့၏ စိတ်ကူးစိတ်သန်းကို သုံးပြီး အသစ်အဆန်း ရှာဖွေတွေ့ရန်အတွက် အားတက်စေပါသည်။ ကလေးများသည် အင်္ဂလိပ်စကားပြောပုံနှင့် နားလည်ပုံအပါအဝင် အသံများ၊ စကားလုံးများနှင့် ဘာသာစကားများအကြောင်း သင်ယူမည် ဖြစ်ပါသည်။

သူငယ်တန်းကျောင်းများသည် ကျွန်တော်တို့၏ ယဉ်ကျေးမှုပေါင်းစုံ အသိုက်အဝန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်-

သူငယ်တန်းအစီအစဉ်များသည် ဘဝနောက်ခံအရပ်ရပ်မှ မိဘများအား ၎င်းတို့၏ အသိုင်းအဝိုင်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကြိုဆိုပါသည်။ မိဘများအနေဖြင့် လူများနှင့်တွေ့ဆုံနိုင်ပြီး ဖြစ်ပျက်အကြောင်းချင်းရာများ ပြောဆိုပြနိုင်ကာ အချင်းချင်း လေ့လာနိုင်သည့် နေရာဖြစ်ပါသည်။

ဆရာများသည် သင့်ကလေးအကြောင်းနှင့် သင့်ယဉ်ကျေးမှုအကြောင်း သိလိုကြပါသည်။ ဤသို့ဖြင့် ဗစ်တိုးရီးယားပြည်နယ်၌ ယဉ်ကျေးမှုဆိုင်ရာ နေ့ကြီးရက်ကြီးများနှင့် ပွဲလမ်းများကို အခြေခံသည့် လှုပ်ရှားမှုပွဲများနှင့် မျိုးစုံကွဲပြားမှုကို ဂုဏ်ပြုပွဲကျင်းပပေးရန် အပါအဝင် သင့်ကလေးအတွက် ထိုက်သင့်သော အစီအစဉ်များကို ရေးဆွဲရာ၌ ဆရာများကို အထောက်အကူပြုသည်။

ဆရာများသည် လှုပ်ရှားမှုများတွင် ကလေးတိုင်းကို ပါဝင်စေသောကြောင့် အင်္ဂလိပ်စကား မပြောတတ်သော ကလေးများသည် အခြားသူများကဲ့သို့ ကစားရန်နှင့် သင်ယူရန် တူညီသော အခွင့်အရေးများ ရှိပါသည်။ အချို့သော မူကြိုတန်းအစီအစဉ်များတွင် အင်္ဂလိပ်စကား အနည်းငယ်ပြောတတ်သော သို့မဟုတ် လုံးဝမပြောတတ်သော ကလေးများကို သင်ကြားပေးသည့် ဘာသာစကားနှစ်မျိုးပြော ဆရာများ ရှိပါသည်။ ကလေးများကို အခြားကလေးများနှင့် ပေါင်းသင်းဆက်ဆံတတ်ရန်နှင့် ယဉ်ကျေးမှုကွဲပြားမှုများကို လေးစားလက်ခံတတ်ရန်ကိုလည်း သင်ကြားပေးပါသည်။

မူကြိုတန်းအစီအစဉ် အမျိုးအစားများ

ကလေးများသည် အသက် သုံးနှစ်အရွယ် မူကြိုတန်းအစီအစဉ်ကို တစ်နေ့တာ စောင့်ရှောက်ရေး မူကြိုတန်း (childcare ဟုလည်း ခေါ်ဆိုသည်) သို့မဟုတ် သီးသန့် မူကြိုတန်း (sessional ဟုလည်း ခေါ်ဆိုသည်) တစ်ခုခုတွင် တက်ရောက်နိုင်သည်။ ယင်းဝန်ဆောင်မှုများသည် အသက် လေးနှစ်အရွယ် မူကြိုတန်းအစီအစဉ်ကိုလည်း များသောအားဖြင့် ပံ့ပိုးပေးလေ့ရှိသည်။

တစ်နေကုန် ကလေးထိန်းဌာနသည် သူငယ်တန်းအစီအစဉ်အပါအဝင် ပညာရေးနှင့် ပြုစုစောင့်ရှောက်မှုကို တစ်နေကုန် ပေးနိုင်ပါသည်။ ဆရာ ဦးဆောင်သည့် မူကြိုတန်းအစီအစဉ်တွင် ပညာရေးနှင့် စောင့်ရှောက်မှု အပိုအချိန်နာရီများ ပေါင်းထည့်ပေးနိုင်သည်။

မူကြိုသီးသန့်ကျောင်းတစ်ခုတွင်၊ မူကြိုတန်းအစီအစဉ်သည် အချို့သောနေ့ရက်များနှင့် သတ်မှတ်ထားသောအချိန်များတွင်သာ လုပ်ဆောင်မည်ဖြစ်သည်။ မူကြိုသီးသန့်ကျောင်းတစ်ခုသည် ကျောင်းစာသင်နှစ်အတွင်း တစ်နှစ်လျှင် ရက်သတ္တပတ် ၄၀ ပတ်လုံး သင်ကြားလေ့ရှိပြီး၊ တစ်ချိန်တည်းတွင် အတန်းကျောင်းများကဲသို့ ကျောင်းပိတ်ရက်များလည်း ရှိပါသည်။ ဤရက်များနှင့် အချိန်များကို မူကြိုကျောင်းမှ သတ်မှတ်ထားပါသည်။

Updated 26 March 2026



About the VIC Government

Grants and programs

Jobs and careers

Arts, culture and heritage

Business and the workplace

Communities

Education and training

Environment, water and energy

Finance and economy

Health and social support

Housing and property

Law and justice

Safety and emergencies

Science and technology

Sport and recreation

Traffic and transport

Working in the Victorian Government