Mini vic.gov.au

This is a low bandwidth version of vic.gov.au. Contents may not be up to date. © Copyright State Government of Victoria

အခမဲ့မူကြို (Free Kinder) (About Free Kinder) - မြန်မာ (Burmese)

On this page

Free Kinder မူကြိုတန်းကို ဗစ်တိုးရီးယားပြည်နယ်တစ်ဝှမ်းရှိ ဝန်ဆောင်မှုများတွင် အသက် ၃နှစ်နှင့် ၄ နှစ်အရွယ်ကလေးများအတွက် မူကြိုတန်း သို့မဟုတ် မူလတန်းကြို (Pre-Prep)အစီအစဉ်များမှာ ရနိုင်ပါသည်။ ယင်းတွင် တစ်နေ့တာစောင့်ရှောက်မှုနှင့် သီးသန့် (အချိန်ပိုင်းဟုလည်း ခေါ်ဆိုသည်) မူကြို ၀န်ဆောင်မှုများ ပါ၀င်သည်။

မိသားစုများအတွက် အကုန်အကျသက်သာခြင်း

အချိန်ပိုင်း မူကြိုတန်းတွင် ကလေးများအား စာရင်းသွင်းထားသော မိသားစုများအတွက် အခမဲ့အစီအစဉ် ရရှိနိုင်ပါသည်။

တစ်နေ့တာ စောင့်ရှောက်မှုအစီအစဉ်တွင် ကလေးများအား စာရင်းသွင်းထားသော မိသားစုများအတွက် နှစ်စဉ်ကြေးများကို လျှော့ချပေးပါသည်။

Free Kinder အခမဲ့ မူကြို အတွက်အရည်အချင်းပြည့်မီမှု

Free Kinder အခမဲ့ မူကြိုသည် ကလေးတိုင်းအတွက် ဖြစ်သည်။

မိသားစုများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကတ် (Health Care Card) သို့မဟုတ် ပင်စင်ကတ် (Pension Card)၊ ဩစတြေးလျနိုင်ငံသားဖြစ်ကြောင်း သက်သေပြစာရွက်စာတမ်း သို့မဟုတ် လိပ်စာအထောက်အထား မလိုအပ်ဘဲ သင်ယူခွင့် ရရှိနိုင်ပါသည်။ ထို့အပြင် Free Kinder မူကြိုတန်းအား လက်ခံရရှိရန် ဩစတြေးလျအစိုးရ၏ ကလေးထိန်းခ ထောက်ပံ့ငွေ (Child Care Subsidy – CCS) အတွက် အရည်အချင်း ပြည့်မီနေဖို့လည်း မလိုအပ်ပါ။

သင်သည် Free Kinder အခမဲ့ မူကြိုကို မူကြိုကျောင်းတစ်ခုတွင် တစ်ကြိမ်သာ သင်ယူနိုင်သည်။ သင့်မူကြိုကျောင်းသည် အခမဲ့မူကြို သင်ယူမည့် ကျောင်းအမည် ဖော်ပြထားသောစာကို သင့်အား လက်မှတ်ထိုးခိုင်းပါမည်။ သင့်ကလေးသည် မူကြိုကျောင်းကို တစ်ကျောင်းထက် ပိုတက်ရောက်ပါက၊ သင်သည် မည်သည့်ကျောင်းတွင် အခမဲ့ မူကြို ရယူလိုကြောင်းကို ‌ကျောင်းတိုင်းကို အသိပေးသင့်သည်။

Free Kinder အခမဲ့ မူကြိုထောက်ပံကြေးကို ရယူပုံ

အခမဲ့မူကြိုကို သင်ကြားပေးသည့် မူကြိုကျောင်းများသည် ဗစ်တိုးရီးယားပြည်နယ် အစိုးရထံမှ ထောက်ပံ့ကြေး တိုက်ရိုက်ရရှိပါသည်။ ဆိုလိုသည်မှာ မိသားစုများသည် အကုန်အကျသက်သာငွေကို ပြန်လည်တောင်းခံရန် မလိုအပ်ဘဲ သင်၏ ကျောင်းလခများကို လျှော့ကျသွားပါမည်။ မူကြိုသီးသန့် တွင် သင့်အစီအစဉ်သည် အခမဲ့ဖြစ်သည်။

တစ်နေကုန် နေ့ကလေးထိန်းကျောင်း မူကြိုအစီအစဉ်များကိုရယူသည့် မိသားစုများသည် အခမဲ့ မူကြို၏ အကုန်အကျသက်သာငွေများကို ‘Victorian Government Free Kinder offset’ ဟု ငွေတောင်းခံလွှာများတွင် ရှင်းလင်းစွာ ဖော်ပြထားသည့် ငွေပေးချေမှုတစ်ခုတိုင်းတွင် မြင်နိုင်ပါမည်။

သင် စိုက်ပေးရမည့်ကျောင်းလခမှ မူကြိုသက်သာငွေကို နုတ်ပေးပုံ

Free Kinder အခမဲ့ မူကြိုသည် သင်၏ ကျောင်းလခများအပေါ် သက်သာငွေမှာ တစ်နှစ်ပတ်လုံး မှန်မှန် ပေးနေပါလိမ့်မည် (ဥပမာ- အပတ်စဉ် သို့မဟုတ် နှစ်ပတ်တစ်ခါ)။ သင်၏ ငွေတောင်းခံလွှာတွင် ‘Victorian Government Free Kinder offset’ အဖြစ် ရှင်းလင်းစွာ ဖော်ပြထားသည့် ငွေပမာဏကို မြင်နိုင်ပါမည်။

သင့်ကျောင်းလခအတွက် သက်သာငွေကို မည်ကဲ့သို့ နုတ်ပေးပုံနှင့် ၎င်းကို သင့်ငွေတောင်းခံလွှာတွင် မည်သို့ပြသမည်ကို သိရှိရန်အတွက် ကျေးဇူးပြု၍ သင်၏ မူကြိုကျောင်းကို တိုက်ရိုက်ဆက်သွယ်ပါ။ အကယ်၍ သင့်ကလေးက တစ်ပတ် ၁၅နာရီကျော် ကျောင်းတက်နေပါက ဤအချိန်ပိုများအတွက် မူကြိုသက်သာငွေ မရပါ။

သင်သည် ဓနသဟာယ ကလေးထိန်း ထောက်ပံ့ကြေးအတွက် ရနိုင်ပါက ၎င်းကို ဦးစွာ လျှောက်ထားရပါမည်။ ဆိုလိုသည်မှာ သင်သည် CCS နှင့် အခမဲ့ မူကြို သက်သာငွေကို နုတ်ပြီးနောက် ကျန်သောငွေပမာဏကိုသာ ပေးချေရန် လိုအပ်ပါမည်။

ဥပမာ-

သတိပြုရန်။ ယင်းသည် ဥပမာတစ်ခုသာဖြစ်ပြီး ကုန်ကျစရိတ်များသည် တစ်ဦးချင်းစီ၏အခြေအနေနှင့် နှစ်စဉ် Free Kinder မူကြိုတန်း သက်သာငွေ ပမာဏအပေါ် မူတည်၍ ကွဲပြားနိုင်သည်။

Updated 26 March 2026



About the VIC Government

Grants and programs

Jobs and careers

Arts, culture and heritage

Business and the workplace

Communities

Education and training

Environment, water and energy

Finance and economy

Health and social support

Housing and property

Law and justice

Safety and emergencies

Science and technology

Sport and recreation

Traffic and transport

Working in the Victorian Government